EMPOWERING FAITH
Discover the beauty of the Quran     
... in Myanmar Language

قَالُوۡا سُبۡحٰنَکَ لَا عِلۡمَ لَنَاۤ اِلَّا مَا عَلَّمۡتَنَا ؕ اِنَّکَ اَنۡتَ الۡعَلِیۡمُ الۡحَکِیۡمُ ۝

သူတို့(ကောင်းကင်တမန်များ)က ပြောဆိုခဲ့ကြသည်မှာ - (အို...) ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား သင်ကြားပေးထားသည် မှတပါး ကျွန်ုပ်တို့တွင် (မည်သည့်) အသိပညာမျှ မရှိပါ။ ဧကန်စင်စစ် အရှင်မြတ်သည် ပညာဉာဏ် အမြော်အမြင်နှင့် ပြည့်စုံဆုံးသော အကြွင်းမဲ့ သိတော်မူသည့် အရှင်မြတ် ဖြစ်တော်မူပါသည်။ (စူရဟ် ဗကရဟ် - ၂း၃၂)

မေတ္တာရပ်ခံချက်

Website အတွင်း ရေးသား တင်ပြချက်များ၌ အောက်ပါ အချက်အလက်များနှင့် ပတ်သက်ပြီး ဝေဖန်ခြင်း အကြံပေးခြင်း ထောက်ပြခြင်းများ ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အထက်ပါ အချက်အလက်များ ပေးပို့လိုပါက ✉ Web Master ✉ ထံသို့ တိုက်ရိုက် ပေးပို့ အကြံပေး ထောက်ပြ နိုင်ပါသည်။

Website ကို ဖုန်းတွင် အသုံးပြုရန်

▶ Android ဖုန်းအတွက် Download Empower.apk (7.99 MB)

▶ Apple နှင့် အခြား ဖုန်းများအတွက်

Website ကို အသုံးပြုနည်း လမ်းညွှန်

Website တွင် အောက်ပါ Webpages များဖြင့် ခွဲခြား တင်ပြထားပါသည်။

ထောက်ပံ့ကူညီခြင်း
Support

( က ) ဝေဖန် အကြံပြု ထောက်ပြခြင်း

  1. (၁) ဤ Webpage တွင် ပထမဦးစွာ ဤ Website ပြုလုပ်သူအား အကြံပေးစာများ ပေးပို့ရန် ဖြစ်ပါသည်။ ထိုသို့ ပေးပို့ရန် မေတ္တာရပ်ခံချက် ခေါင်းစဉ်အောက်တွင် ရေးသားထားချက်များကို သေချာစွာဖတ်ရှုပြီး ပေးပို့ရပါမည်။
  2. (၂) မည်သည့် အချက်အလက်ကို ပေးပို့သည် ဖြစ်စေ၊ တွေ့မြင်ခဲ့သည့် မှားနေသည့် ပြင်ဆင်သင့်သည့် နေရာကို သေချာကျနစွာ ညွှန်းဆိုပေးပါ။ သို့မှာသာ မည်သည့်နေရာတွင် ပြင်ဆင်ရမည်ဆိုသည်ကို အလွယ်တကူ ရှာတွေ့နိုင်ပြီး သုံးစွဲသူများအတွက် အမှန်ကို မြန်ဆန်စွာ ပြသနိုင်ပါမည်။
  3. (၃) ဘာသာပြန်၊ ယူဆချက်၊ စသည့် ကွဲလွဲချက်များ ရှိနေသည့် အချက်အလက်များကို ပြင်ဆင်ရန်အတွက် တိကျ ခိုင်မာသော အထောက်အထားများ (ပုံဖြစ်စေ၊ အညွှန်းစာအုပ်၊ ညွှန်ပြလိုသော ကျမ်းနှင့် စာပိုဒ်) ပူးတွဲပေးပို့ရန် လိုအပ်ပါသည်။
  4. (၄) ပေးပို့ရမည့် လိပ်စာကို ✉ Web Master ✉ ပုံဖြင့် ပြထားပါသည်။ ထိုပုံကို နှိပ်လိုက်ပါက မိမိ၏ စက်အတွင်းရှိ Email ပို့နေကျဖြစ်သော App သို့ ရောက်ရှိကာ ပုံမှန်ပို့နေကျအတိုင်း ဆက်လက် ပေးပို့ရန် ဖြစ်ပါသည်။

( ခ ) အသုံးပြုနည်း လမ်းညွှန်များ ဖတ်ခြင်း

  1. (၁) ဤ Website အတွင်း မတင်ပြရသေးသော ပြုလုပ်ဆဲ Webpages များကို ▼ မြန်မာ --- English ▼ ပုံစံဖြင့် အရောင်မှိန် ပြသထားပါသည်။
  2. (၂) ဤ Website တွင် တင်ပြထားသော Webpage ၏ ခေါင်းစဉ်များကို ▼ မြန်မာ --- English ▼ နှစ်ဘာသာဖြင့် ရေးသားထားပါသည်။
  3. (၃) တင်ပြပြီးထားသော Webpage တခု၏ အသုံးပြုနည်းကို ကြည့်ရန် ▼ မြန်မာ --- English ▼ ကို နှိပ်လိုက်ပါက သက်ဆိုင်ရာ လမ်းညွှန်စာသားများ ဖေါ်ပြပေးပါသည်။
    1. (က) မူလ ဖေါ်ပြထားထားသော တခြားသော Webpage လမ်းညွှန် ရှိနေပါက ကွယ်ပျောက်သွားပြီး ▼ ပထမလမ်းညွှန် --- First Guide ▼ ပုံစံ ပြနေပါမည်။
    2. (ခ) သက်ဆိုင်ရာ လမ်းညွှန်စာသားများ ဖေါ်ပြပြီးပါက အသစ်လမ်းညွှန် --- New Guide ပုံစံ ပြောင်းလဲ ပြသပေးပါသည်။
    3. (ဂ) မျက်နှာပြင်၏ ညာဘက်အောက်တွင် ပုံစံ ပေါ်လာပါသည်။
    4. (ဃ) ထို ပုံစံကို နှိပ်ပါက Website ကို အသုံးပြုနည်း လမ်းညွှန် ခေါင်းစဉ် နေရာသို့ ပြန်လည် ပြသပေးပါသည်။
  4. (၄) မြန်မာ --- English ပုံစံကို နှိပ်လိုက်ပါက ပြသထားသော လမ်းညွှန်များ ပျောက်ကွယ်သွားပြီး ▼ မြန်မာ --- English ▼ ပုံစံ ပြန်လည် ပြသပေးပါသည်။
    1. (က) မျက်နှာပြင်၏ ညာဘက်အောက်ရှိ ပုံစံ ကွယ်ပျောက်သွားပါမည်။
    2. (က) ဆက်လက် ဖတ်ရှုလိုသည့် လမ်းညွှန်ခေါင်းစဉ် ▼ မြန်မာ --- English ▼ နှိပ်ပေးမှသာ အတွင်းရှိ လမ်းညွှန်စာသားများ ပေါ်လာပါမည်။
  5. (၅) Webpage ကူးပြောင်းလိုက်ပါက အစမူလအတိုင်း ထောက်ပံ့ကူညီခြင်း --- Support အတွက် လမ်းညွှန်များကို ပြသပေးထားပါသည်။
အီမာန်တိုးတက်စေခြင်း
Home Page

ထို “အီမာန်တိုးတက်စေခြင်း” Webpage တွင် ဤ Website တွင် တင်ပြထားသည့် ကုရ်အာန် နှင့် အရဗီ ဆိုင်ရာ အချက်အလက်များကို အပေါ်ယံ အနည်းငယ်စီ ဗဟုသုတအဖြစ် တင်ပြထားပါသည်။ ထိုနောက် ဆုမွန်ဒုအာနှင့် ဤ Website အတွင်းရှိ Webpage တခုစီ၏ Link နှင့် အညွှန်းအချို့ကို တင်ပြထားသည်။

( ၁ ) အကျဉ်းချုံး ရှင်းလင်းချက်များ၊

  1. (၁) ကျမ်းတော်မြတ် ကုရ်အာန်နှင့် သက်ဆိုင်သော အကျဉ်းချုပ် ရှင်းလင်းထားသည့် အကျဉ်းချုပ်ခေါင်းစဉ် ၈ ခု ရှိပါသည်။
  2. (၂) ထိုခေါင်းစဉ်ကို နှိပ်ပါက အကျဉ်းချုပ်ခေါင်းစဉ် ပုံစံသို့ ပြောင်းသွားပြီး အတွင်းရှိ ရှင်းလင်းချက်များကို ပြသပေးပါသည်။
  3. ** ‌အကျဉ်းချုပ်ခေါင်းစဉ် တခုကို နှိပ်လိုက်ပါက မနှိပ်ခင်က ဖွင့်ထားသည့် အခြားသော အကျဉ်းချုပ်ခေါင်းစဉ် များ ပြန်ပိတ်သွားပါမည်။
  4. (၃) အတွင်းမှ စာသား ရှင်းလင်းချက်များတွင် “ အချက်အလက်များ ” ပုံစံသည် မှတ်သားရန် အချက်အလက်များ ဖြစ်ပြီး “ ထူးခြားအချက်များ ” ပုံစံမှာ ထူးခြားသော အချက်အလက်များကို ခေါင်းစဉ်ငယ်များ အဖြစ် ထင်ရှားစေပါသည်။
  5. (၄) တဖန် အချို့သော ခေါင်းစဉ်များ အောက်တွင် ထပ်မံ၍ ခေါင်းစဉ်ခွဲများ ပါရှိပြီး “ ခေါင်းစဉ်ခွဲများ ” ပုံစံဖြင့် ပြထားပါသည်။
  6. (၅) ထိုခေါင်းစဉ်ခွဲများကို နှိပ်ပါက “ ခေါင်းစဉ်ခွဲများ ” ပုံစံသို့ ပြောင်းကာ ခေါင်းစဉ်ခွဲများ အောက်ရှိ စာသားများကို ပြပါမည်။
  7. ** ခေါင်းစဉ်ခွဲ တခုကို နှိပ်လိုက်ပါက မနှိပ်ခင်က ဖွင့်ထားသည့် အခြားသော ခေါင်းစဉ်ခွဲ များ ပြန်ပိတ်သွားပါမည်။

( ၂ ) Webpage Links များ

  1. (၁) စာမျက်နှာအမည် ပုံစံဖြင့် ပြသထားပါသည်။
  2. (၂) ထို စာမျက်နှာအမည်၏ အောက်တွင် ထိုစာမျက်နှာ အကြောင်း အချက်အလက် အနည်းငယ်ကို ရှင်းပြထားပါသည်။
  3. (၃) ထို စာမျက်နှာအမည် ကို နှိပ်လိုက်ပါက သက်ဆိုင်ရာ စာမျက်နှာသို့ ရောက်ရှိ တင်ပြပါလိမ့်မည်။
ကုရ်အာန် ရွတ်ဖတ်ခြင်း
Recite Quran

( က ) ဖတ်မည့်ပုံစံ ရွေးချယ်ခြင်း

Webpage တွင် ကျမ်းတော်မြတ်ကုရ်အာန်ကို ဖတ်ရွတ်ရာတွင် မိမိတို့ နှစ်သက်ရာ အပိုင်းအခြားအတိုင်း ဖတ်ရွတ်နိုင်ရန် سُوْرَة စူရဟ်များ၊ جُزْءْ ဂျူဇ်များ ဟူ၍ နှစ်မျိုး ပိုင်းခြားပေးထားပါသည်။

  1. (၁) အစိမ်းရောင်အောက်ခံ ရွေးချယ်စရာများတွင် တွေ့ရသည့် ကို နှိပ်ပြီး စူရဟ်စဉ်များဖြင့် လည်းကောင်း၊ ဂျူဇ်များဖြင့် လည်းကောင်း၊ ပြသပေးရန် ရွေးချယ်ပါ။
    *** Webpage အဖွင့်တွင် စူရဟ်အစဉ်ကိုသာ ဦးစွာပြသပါသည်။
  2. (၂) စူရဟ်အစဉ်ကို ရွေးချယ်ထားပါက ပထမရွေးချယ်ထားသော စူရဟ်ကို အစအဆုံး ပြသပေးထားပါသည်။ စာသားများကို ရှုပ်ထွေးမှု မရှိစေရန် စာမျက်နှာများဖြင့် ထပ်မံ ပိုင်းခြားပြသထားပါသည်။ စူရဟ်များ ထပ်မံ ရွေးချယ်နိုင်ရန်နှင့် အာယသ် တခုချင်း ရွေးချယ်နိုင်ရန် ပြသပေးပါသည်။
    1. (က) မိမိ ဖတ်ရှုလိုသည့် စူရဟ်အမှတ်ကို တွင် ရွေးချယ်လိုက်ပါက သက်ဆိုင်ရာ စူရဟ်တခုလုံးကို ပြပေးပါသည်။ စာမျက်နှာများအလိုက် ခွဲခြားပြသထားပါသည်။
    2. (ခ) ထိုစူရဟ်များအတွင်းရှိ အာယသ်များနံပါတ်များကို တွင် ရွေးချယ်ကာ မိမိဖတ်လိုသော အာယသ်သို့ တိုက်ရိုက်သွားနိုင်ပါသည်။
  3. (၃) ဂျူဇ်အစဉ်ကို ရွေးချယ်ထားပါက ပထမရွေးချယ်ထားသော ဂျူဇ်ကို အစအဆုံး ပြသပေးထားပါသည်။ စာသားများကို ရှုပ်ထွေးမှု မရှိစေရန် စာမျက်နှာများဖြင့် ထပ်မံ ပိုင်းခြားပြသထားပါသည်။ ဂျူဇ်များ ထပ်မံ ရွေးချယ်နိုင်ရန်နှင့် စာမျက်နှာ တခုချင်း ရွေးချယ်နိုင်ရန် ပြသပေးပါသည်။
    1. (က) မိမိ ဖတ်ရှုလိုသည့် ဂျူဇ်အမှတ်ကို တွင် ရွေးချယ်လိုက်ပါက သက်ဆိုင်ရာ ဂျူဇ်တခုလုံးကို ပြပေးပါသည်။ စာမျက်နှာများအလိုက် ခွဲခြားပြသထားပါသည်။ စာမျက်နှာများအတွင်း စူရဟ်အစများကိုလည်း လွယ်ကူစွာ ခွဲခြားပေးထားပါသည်။
    2. (ခ) ထိုဂျူဇ်များအတွင်းရှိ စာမျက်နှာနံပါတ်များကို ဟာဖိဇ္ဖုလ်ကုရ်အာန် စာမျက်နှာများအတိုင်း တွင် ရွေးချယ်ကာ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။ အာယသ်များကိုမှု စာမျက်နှာများ အတွင်း၌သာ ရှာဖွေရပါမည်။
  4. (၄) စူရဟ်ရွေးချယ်ပြီးနောက် တဖန် ဂျူဇ်အစဉ် ရွေးချယ်ပါက မူလရွေးချယ်ပြီးသား ဂျူဇ်ကို ပြသပေးပါသည်။
  5. (၅) ဂျူဇ်ရွေးချယ်ပြီးနောက် တဖန် စူရဟ်အစဉ် ရွေးချယ်ပါက မူလရွေးချယ်ပြီးသား စူရဟ်ကို ပြသပေးပါသည်။
  6. (၆) အခြား webpage များအား ကြည့်ရှုပြီး ဤ webpage သို့ ပြန်လာပါက အစမှတဖန် ပြန်လည်ရွေးချယ်ရပါမည်။

( ခ ) အထူးပြု အာယသ်များ

[အသေးစိတ်ကို အီမာန်တိုးတက်စေခြင်း တွင် တင်ပြထားပါသည်။]

  1. (၁) ကုရ်အာန်ကျမ်းမြတ်၏ စုစုပေါင်း အာယသ်အရေအတွက် ၆၂၃၆ အာယသ်တွင် ထည့်သွင်း ရေတွက်ထားခြင်း မရှိသည့် ( بِسۡمِ اللّٰہِ الرَّحۡمٰنِ الرَّحِیۡمِ ) အာယသ်များကို ရွှေရောင်ပုံဖြင့် ပြထားပါသည်။
  2. (၂) အကြောင်းအရာတခု ပြီးဆုံးခြင်းပြသော ရုကူအ်များအား ‏رُكوع ٪﴿۱۵﴾‏ အရောင်ဖြင့် ပြထားပါသည်။
  3. (၃) အာယသ်များအတွင်း စဂ်ျဒါပြုလုပ်ရန် ထိုက်သော အာယသ်များကို ‏سجود التلاوة ﴿ٛ۱۵﴾۩‏ အရောင်ဖြင့် ပြထားပါသည်။
  4. (၄) အာယသ်များအတွင်း စဂ်ျဒါပြုလုပ်ရန် အရေးကြီးသော အာယသ်များကို ‏سجود التلاوة ﴿ٛ۱۵﴾۩‏ အရောင်ဖြင့် ပြထားပါသည်။

( ဂ ) အသံဖွင့် နားထောင်ခြင်း

website တခုလုံးသည် အရဗီနှင့် ကုရ်အာန်ကို လေ့လာလိုသူများ အတွက် ပြုလုပ်ထားပါ၍ ကိရာအသ်အနေဖြင့် အစဉ်လိုက် နားထောင်လိုသူများသည် အခြားသော Website များ Application များကို အသုံးပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။ တအာယသ်ချင်း သဂ်ျဝီးဒ်ဖြင့် နားထောင်လိုသူများ အတွက်နှင့် မိမိဘာသာ ဖတ်ရှုလိုသူများ အတွက်သာ ဖြစ်ပါသည်။

  1. (၁) Webpage ၏ အပေါ် ညာဘက်ထောင့်တွင် "အသံဖွင့်ထားသည်" / "အသံပိတ်ထားသည်" ပြထားပါသည်။
  2. (၂) Webpage ဖွင့်တိုင်းတွင် "အသံဖွင့်ထားသည်" ပြထားပြီး အသံနားမထောင်လိုပါက ကိုနှိပ်ပါ။ ထိုအခါ "အသံပိတ်ထားသည်" သို့ပြောင်းသွားပြီး မည်သည့်အသံမှ ထွက်ပေါ်လာမည် မဟုတ်ပါ။
  3. (၃) အသံပြန်လည် နားထောင်လိုပါက ကို နှိပ်ပါ။ "အသံဖွင့်ထားသည်" သို့ပြောင်းသွားပြီး မိမိနားထောင်လိုသော အာယသ်ကို နှိပ်၍ နားထောင်နိုင်ပါသည်။
  4. (၄) မိမိနားထောင်လိုသော အာယသ်ကို နှိပ်မှသာ ထိုအာယသ် တခုတည်းကိုသာ သဂ်ျဝီးဒ် အသံထွက်ပေးပါသည်။ အသံထွက်နေစဉ် စာလုံးအရောင်မှာ اَلۡـحَمۡدُ لِلّٰہِ ဖြစ်ပြီး တအာယသ်ပြီးဆုံးသောအခါ မူလ အဖြူရောင် ပြန်ဖြစ်ပါမည်။
  5. (၅) အာယသ်တခု အသံထွက်နေစဉ် ထိုအာယသ်ကိုပင် ထပ်မံနှိပ်လိုက်ပါက အာယသ် မဆုံးသေးသော်လည်း အသံထွက်ခြင်း ရပ်ပြီး မူလ အဖြူရောင် ပြန်ဖြစ်ပါမည်။
  6. (၆) အာယသ်တခု အသံထွက်နေစဉ် နောက်ထပ် အာယသ်တခုကို နှိပ်လိုက်ပါက အသံထွက်နေသော အာယသ် မပြီးဆုံးသေးသော်လည်း အသံရပ်ပြီး၊ ထပ်မံနှိပ်လိုက်သည့် အာယသ်၏ အသံသာ ထွက်ပေါ်ပါမည်။
  7. (၇) အာယသ်တခု အသံထွက်နေစဉ် အစိမ်းရောင် အောက်ခံပေါ်ရှိ စူရဟ်/ဂျူဇ် အစဉ်၊ စူရဟ်၊ အာယသ်၊ ဂျူဇ်၊ စာမျက်နှာ၊ မည်သည့် ရွေးချယ်မှုကို ပြုလုပ်သည် ဖြစ်စေ အာယသ်မပြီးဆုံးသေးသော်လည်း အသံရပ်သွားပါမည်။

( ဃ ) အရဗီ အာယသ်များ ကူးယူခြင်း

  1. (၁) ကွန်ပျူတာတွင် မိမိကူးလိုသော အရဗီစာ အစတွင် Mouse/Pointer ကို နှိပ်ထားပြီး မိမိကူးယူလိုသော စာအဆုံးထိ ဆွဲသွားကာ အဆုံးတွင် နှိပ်ထားမှုကို လွှတ်လိုက်ပါက ကူးမည့်စာများကို ရွေးချယ်ပြီး ဖြစ်ပါမည်။
  2. (၂) ထိုနောက် Keyboard မှ Ctrl+ C နှိပ်ပါက ကော်ပီယူပြီး ဖြစ်ပါသည်။ (သို့မဟုတ်) ထို ရွေးချယ်ထားသော စာများအပေါ်တွင် Right Click ကိုနှိပ်ပြီး Copy ကို နှိပ်ပါက ကော်ပီယူပြီး ဖြစ်ပါသည်။
  3. (၃) ဖုန်းများ၊ Mouse/Pointer အသုံးမပြုသော ပစ္စည်းများ၊ မိမိကူးလိုသော စာသားအတွင်း ၂ စက္ကန့်မျှ နှိပ်ထားပါက ကူးယူလိုသော စကားလုံးကို ရွေးချယ်နိုင်ပါသည်။ [ အောက်ပါ ပုံတွင် ကြည့်ရှုပါ...]
အရဗီသဒ္ဒါ
Arabic Grammar
အရဗီသဒ္ဒါ
ကုရ်အာန် ဘာသာပြန်
Quran Translation
ကုရ်အာန် ဘာသာပြန်
ကုရ်အာန်ပါ အကြောင်းအရာများ
Quranic Categories
ကုရ်အာန်ပါ အကြောင်းအရာများ
ကုရ်အာန် အခြေခံစကားလုံးများ
Quran Root Words
ကုရ်အာန်၏ အခြေခံ စကားလုံးများ
ကုရ်အာန်ပြ သိပ္ပံ
Quranic Science
ကုရ်အာန်ပြ သိပ္ပံ